22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, June 12, 2012

မြောင်းမြမြို့နယ်က လယ်သမားများ အတိုးနှုန်းသက်သာစွာဖြင့် ငွေချေးမည့်သူကို မျှော်လင့်နေ

ယမင်း(မြစ်မခ)
by Myit Makha Mediagroup

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် စိုက်ပျိုးရေးဘဏ်က ချေးငွေထုတ်ချေးပေးမှု မရှိသောကြောင့်   ဒေသခံ   တောင်သူများအနေဖြင့် စိုက်/ဘဏ်ကဲ့သို့ အတိုးနှုန်းသက်သာစွာဖြင့် ငွေချေးပေးနိုင်သည့် ပုဂ္ဂလိက   ငွေချေးလုပ်ငန်း များအား မျှော်လင့်လျက်ရှိကြောင်း ဒေသခံများထံက သိရှိရသည်။

“စိုက်ဘဏ်ကလည်း ကျွန်တော်တို့ရွာကို ငွေမချေးပေးတာ (၁၀)နှစ်လောက်ရှိပါပြီ။ အပြင်မှာ အတိုးကြီးကြီးနဲ့ ယူရတော့ စိုက်စရိတ် အရမ်းများနေတဲ့အချိန် ပိုးကအရမ်းကျတော့ လယ်ကိုတောင် ထိုးအပ်လိုက်ရတယ်။ ပြီးတော့ လယ်လုပ်သားတွေကလည်း ရှားပါး လာတော့ အလုပ်သမားစရိတ်ထောင်းတာလဲ ပါတယ်” ဟု မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာမှ တောင်သူဦးကြီးမြင့်က ပြောသည်။ 

မြောင်းမြဒေသခံတောင်သူများအနေဖြင့် ရာသီထွက်သီးနှံများ စိုက်ပျိုးရန်အတွက် စိုက်ပျိုးရေးဘဏ်၏ ချေးငွေ အပေါ် အားကိုးနေ ခဲ့ရပြီး ထုတ်ချေးမူ မရှိသည့်အခါတွင် တောင်သူများသည် ပုဂ္ဂလိကငွေချေးသူများထံက အတိုးနူန်းမြင့်စွာဖြင့်   ချေးယူစိုက်ပျိုး လုပ်ကိုင်နေရကြောင်း သိရသည်။

“ပြီးခဲ့တဲ့ရက်က ပြည်ခိုင်ဖြိုးပါတီနဲ့ NLD ပါတီတို့ကို ကျွန်မတို့အတွက် ဘဏ်ချေးငွေလေးတွေ လုပ်ပေးဖို့ တင်ပြထားပါသေးတယ်။ စိုက်ဘဏ်ဆို(၅ မတ်)တိုးပဲပေးရတာဆိုတော့ သက်သာတယ်။ မိုးစပါးတုန်းက အရှုံးသိပ်မများဘူး။ အခုနွေစပါးရှုံးတာကတော့ နလန်မထူနိုင်အောင်ပါပဲ” ဟု သမင်ခြံကျေးရွာမှ ဒေါ်ဝေေ၀လွင်က ပြောသည်။  

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ၂၀၁၂ခုနှစ်သည် လယ်ယာစိုက်ပျိုးလုပ်ကိုင်ရာတွင် ကုန်ကျ စရိတ်များပြားကြောင်း၊ စက်သုံးဆီဈေးနူန်းများ၊ အလုပ်သမားခ၊ ဓါတ်မြေသြဇာ စသည့် စိုက်စရိတ် မြင့်တက်နေခြင်းကြောင့် စိုက်ပျိုးရေးလုပ်ကိုင်ရန်   တောင်သူများအနေဖြင့် အခက်အခဲများဖြစ်ပေါ် နေခြင်းဖြစ်သည်။

“ကျွန်တော်တို့ဆို ဒီနှစ်တော့နည်းနည်းစိုက်လိုက်သေးတယ်။ ဒါပေမယ့် အခုအထွက်နူန်းကလည်းကျတယ်။ စိုက်ပျိုးတုန်းကလည်း ဓါတ်မြေသြဇာဈေးတို့ ဒီဇယ်ဈေးတို့လည်းမြင့်တော့ ၅ဧကလောက်စိုက်ပျိုးဖို့မှန်းထား ပေမယ့် ၂ဧကလောက်ပဲစိုက်ပျိုးရတာ မျိုးတွေလဲကြုံတွေ့ခဲ့ရတယ်။ စိုက်/ဘဏ်ကလည်း စိုက်ပျိုးစရိတ် အတွက် ငွေပြန်ချေးနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု မြောင်းမြမြို့နယ်၊ သပြေချောင်ကျေးရွာမှ ဦးအောင်မြင့်က ပြောသည်။

လက်ရှိတွင် တောင်သူများအနေဖြင့် နိုင်ငံတော်၏ စိုက်ပျိုးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် စိုက်/ဘဏ် နှင့် စိုက်/ဘဏ်သကဲ့သို့သော အတိုးနှုန်းသက်သာစွာဖြင့် ငွေချေးပေးနိုင်သည့် ပုဂ္ဂလိကငွေချေးလုပ်ငန်းများ ပေါ် ပေါက်စေရန်နှင့် လယ်ယာထွက်ကုန်များအား အရောင်းအ၀ယ်ပြုလုပ်နိုင်ရန်အတွက် ကုန်စည်ဈေးကွက်များ ပေါ်ထွန်းစေရေးအတွက် လိုအပ်လျက်ရှိကြောင်း လယ်သမားများက ဆိုသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )