22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, July 21, 2012

မန်ယူအသင်း ဆာဟင်ကို စိတ်ဝင်စား လာကြောင်း သတင်းများ ဖော်ပြ

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ရီးယဲလ်မက်ဒရစ် ကွင်းလယ် ကစားသမား နျူရီဆာဟင်ကို ချိတ်ဆက်မှု ပြုလုပ်လာကြောင်း သတင်းများက ဖော်ပြခဲ့သည်။


နွေရာသီတွင် ကွင်းလယ် ကစားသမားသစ် တစ်ဦးကို ရှာဖွေနေသော မန်ယူသည် တူရကီ လက်ရွေးစင် ဆာဟင်၏ အနေအထားကို လေ့လာမှုများ စတင် ပြုလုပ်လာကြောင်း သိရသည်။ လက်ရှိတွင် မန်ယူသည် ဆော်ပေါ်လိုမှ ဘရာဇီးလ် လူငယ် လူးကက်စ်မိုရာကို အင်နှင့်အားနှင့် ချိတ်ဆက် နေသော်လည်း တိုးတက်မှု နှေးကွေးနေသည့် အတွက် ဆာဟင်ကို ချိတ်ဆက်လာခြင်း ဖြစ်သည်။ မန်ယူသည် ပေါင်စတာလင် သန်း(၃၀)တန် ကမ်းလှမ်းမှု တစ်ခုကို မိုရာ အတွက် ပြုလုပ်ခဲ့ပြီး ယင်းမှာ ပယ်ချ ခံရကြောင်း သတင်းများက ဆိုသည်။
ရီးယဲလ်မက်ဒရစ် ကွင်းလယ် ကစားသမား နျူရီဆာဟင်

Goal.comက ယခုအခါ မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် မိုရာကို ကမ်းလှမ်းရန် ကြိုးစားမှုကို စိတ်ပျက်လာပြီး ဆာဟင်ကို ရည်ရွယ်လာကြောင်း ဖော်ပြခဲ့သည်။ ဆာဟင်သည် ဘိုရပ်ရှား ဒေါ့တ်မန်မှ ရီးယဲလ်သို့ ပြီးခဲ့သည့် နွေရာသီတွင် ပြောင်းရွှေ့ခဲ့သည်။ သို့သော်လည်း ၎င်းသည် နည်းပြ ဟိုဆေးမော်ရင်ဟို လက်အောက်တွင် ပွဲထွက် ကစားခွင့် ဆုံးရှုံးနေပြီး (၁၀)ပွဲမျှသာ ပါဝင်ခွင့် ရရှိခဲ့သည်။ သတင်းများက မန်ယူသည် ဆာဟင်အတွက် ပေါင်စတာလင် သန်း(၂၀) ဝန်းကျင်မျှ ပေးချေရဖွယ် ရှိနေကြောင်း ဆိုသည်။ မန်ယူသည် ဆာဟင်၏ ဒေါ့တ်မန် အသင်းဖော်ဟောင်း ရှင်ဂျီ ကာဂါဝါကိုလည်း ခေါ်ယူထားပြီး ဖြစ်သည်။
မန်ယူသည် ဆော်ပေါ်လိုမှ ဘရာဇီးလ်လူငယ် လူးကက်စ်မိုရာကို အင်နှင့်အားနှင့် ချိတ်ဆက်နေသော်လည်း တိုးတက်မှု နှေးကွေးနေသည့်အတွက် ဆာဟင်ကို ချိတ်ဆက်လာခြင်း ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )