22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, July 21, 2012

စပိန် ကွင်းလယ်လူ မီချူအား ဆွမ်ဆီး အပြီးသတ်ခေါ်ယူ

ဆွမ်ဆီး အသင်းသည် ရေယို ဗယ်လက်ကာနို ကွင်းလယ် ကစားသမား မီချူကို ပေါင်စတာလင် (၂)သန်း ဝန်းကျင်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။


ယမန်နှစ်က အငှားခေါ်ယူထားသည့် အိုက်စ်လန် လက်ရွေးစင် ဂိုင်လ်ဖီ ဆီဂါ့ဒ်ဆန်ကို အပြီးသတ် ခေါ်ယူနိုင်ခြင်း မရှိခဲ့သည့်နောက် အသက်(၂၆)နှစ်အရွယ် စပိန် ကွင်းလယ်လူကို သက်သာသော ပြောင်းရွှေ့ကြေး နှုန်းထားဖြင့် ဆွမ်ဆီးက (၃)နှစ် စာချုပ် နိုင်ခဲ့သည်။ ဆွမ်ဆီးသည် မီချူကို ဆေးစစ်မှုများလည်း ပြီးမြောက်သွားပြီ ဖြစ်ကြောင်း သိရှိရသည်။ မီချူသည် ယခု နွေရာသီတွင် မန်နေဂျာသစ် မိုက်ကယ် လော့ဒရပ် ခေါ်ယူလိုက်သည့် တတိယမြောက် ကစားသမားသစ်လည်း ဖြစ်လာသည်။
ဆွမ်ဆီးသို့ ရောက်ရှိလာသည့် မီချူ

ဆွမ်ဆီးသည် ကွင်းလယ်လူ ဂျိုနသန် ဒီဂါ့ဇ်မန်းကို ဗီလာရီးယဲလ်မှ အငှားခေါ်ယူထားပြီး ဂျီနိုအာမှ ဗဟိုနောက်ခံလူ ချီကိုအား ပေါင်စတာလင် (၂)သန်းဖြင့် ဝယ်ယူထားသည်။ မီချူသည် ဆီဂါ့ဒ်ဆန်ကဲ့သို့ပင် ဂိုးသွင်းစွမ်းရည် မြင့်မားသော ကွင်းလယ် ကစားသမား တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ဘောလုံးရာသီက လာလီဂါ (၁၅)ဂိုး အပါအဝင် စုစုပေါင်း (၁၇)ဂိုး သွင်းယူနိုင်ခဲ့သည်။ လော့ဒရပ်သည် တိုက်စစ်အားပြုသော ကွင်းလယ်လူ တစ်ဦးအား ရှာဖွေရင်း မီချူကို မျက်စိ ကျလာခြင်း ဖြစ်သည်။ မီချူအား အစောပိုင်းက မန်ချက်စတာ ယူနိုက်တက်နှင့် လီဗာပူးလ်တို့ကလည်း လေ့လာမှုများ ပြုလုပ် ခဲ့သေးသည်။
အိုက်စ်လန် လက်ရွေးစင် ဂိုင်လ်ဖီ ဆီဂါ့ဒ်ဆန်ကို အပြီးသတ် ခေါ်ယူနိုင်ခြင်း မရှိခဲ့သည့်နောက် အသက်(၂၆)နှစ်အရွယ် စပိန် ကွင်းလယ်လူကို သက်သာသော ပြောင်းရွှေ့ကြေး နှုန်းထားဖြင့် ဆွမ်ဆီးက (၃)နှစ် စာချုပ် နိုင်ခဲ့ ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )