22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, July 21, 2012

ငွေကြေး အလွန်အကျွံ မသုံးစွဲလည်း အာဆင်နယ် ချန်ပီယံ ဖြစ်နိုင်ဟု ဝင်းဂါးဆို

အာဆင်နယ် အသင်းအနေဖြင့် လွန်ကျွံ များပြားသော ငွေပမာဏမျိုး သုံးစွဲခြင်း မပြုသည့်တိုင် ချန်ပီယံ ဆုကို ဆွတ်ခူးနိုင်စွမ်း ရှိနေဆဲဟု အသင်း မန်နေဂျာ အာစင်ဝင်းဂါးက ပြောကြားလိုက်သည်။

အာဆင်နယ်သည် (၂၀၀၄)ခုနှစ်တွင် နောက်ဆုံး အကြိမ် အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့ပြီး (၂၀၀၅)ခုနှစ်မှ စတင်ကာ မည်သည့်ဆုဖလားကိုမျှ မရရှိဘဲ ဘောလုံးရာသီ (၇)ခု ဖြတ်သန်းခဲ့ရသည်။ တစ်ချိန်က အာဆင်နယ်သည် ချန်ပီယံဆုအတွက် ထိပ်ဆုံးနေရာမှ ထည့်တွက်ခံရသည့် အသင်းတစ်ခု ဖြစ်ခဲ့သော်လည်း မန်ချက်စတာ စီးတီးနှင့် ချယ်လ်ဆီးကဲ့သို့ ငွေကြေး အလုံးအရင်း သုံးစွဲကာ အသင်းအင်အားကို တည်ဆောက်သော ပြိုင်ဘက်များကြောင့် ချန်ပီယံ လုပွဲတွင် တဖြည်းဖြည်း နောက်ကျန်ရစ်ခဲ့သည်။
ငွေကြေး အမြောက်အမြား မသုံးစွဲသော်လည်း ချန်ပီယံ ဖြစ်နိုင်ဟု ပြောသည့် ၀င်းဂါး

ဝင်းဂါးသည် ငွေကြေး သုံးစွဲမှုကို ကျစ်လစ်စွာ ကိုင်တွယ်စီမံပြီး နာမည်ကျော် ကစားသမားများကို ဈေးကြီးပေး ဝယ်ယူလေ့ မရှိသည့် မူဝါဒကို ဆက်လက် ဆုပ်ကိုင်ထားပြီး မိမိတို့ အသင်းသည် ချန်ပီယံဆုကို နာမည်ကြီးများ မခေါ်ယူဘဲ လက်လှမ်းနိုင်ကြောင်း ကာကွယ် ပြောဆိုသွားသည်။ "ပထမဆုံး နားလည်ရမယ့် အချက်က အရမ်းချမ်းသာ ကြွယ်ဝတဲ့ ကလပ်တွေနဲ့ ငွေယှဉ် မသုံးနိုင်တာဟာ ကွင်းထဲမှာ သူတို့ကို မယှဉ်နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ် မဟုတ်ဘူး ဆိုတာပါ"ဟု ဝင်းဂါးက ဆိုသည်။ "ကျွန်တော် အင်္ဂလန်ကို ရောက်စတုန်းက ဒါဟာ မေးခွန်းတစ်ခု မဟုတ်ခဲ့ဘူး။ ကလပ်အသင်းတိုင်းဟာ ကိုယ်ပိုင်ရင်းမြစ် သယံဇာတနဲ့ လည်ပတ်နေတာပါ။ ခုချိန်မှာ ချယ်လ်ဆီးနဲ့ မန်စီးတီးတို့ဟာ ပြဿနာတွေ ဖြစ်လာတာ အမှန်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ မူဝါဒကို ပြောင်းလဲစရာ မလိုပါဘူး။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အမြဲတမ်းလည်း ချန်ပီယံဘွဲ့အတွက်ပဲ ဖြစ်ပါတယ်"ဟုလည်း ဝင်းဂါးက မှတ်ချက်ပြုခဲ့သည်။

ပြင်သစ်သား မန်နေဂျာကြီးက "ကျွန်တော်တို့ဟာ အထိုက်အလျောက် ငွေကြေး သုံးစွဲမှုကို အမြဲတမ်း လုပ်ဆောင်နေကျ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ထိပ်တန်း ကစားသမားတွေကို ရည်မှန်း ကြိုးစားခဲ့တယ် ဆိုတာကို လွန်ခဲ့တဲ့ (၁၅)နှစ်အတွင်း ပြန်ကြည့်ရင် မြင်နိုင်ပါတယ်။ အာဆင်နယ်ဟာ အကောင်းဆုံးဆိုတဲ့ ကစားသမားတွေကို အစဉ်တစိုက် ပိုင်ဆိုင်ခဲ့တာပါ" ဟုလည်း ပြောကြား သွားခဲ့သည်။
နားလည်ရမယ့် အချက်က အရမ်းချမ်းသာ ကြွယ်ဝတဲ့ ကလပ်တွေနဲ့ ငွေယှဉ် မသုံးနိုင်တာဟာ ကွင်းထဲမှာ သူတို့ကို မယှဉ်နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ် မဟုတ်ဘူး ဆိုတာပါ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )