မြန်မာနဲ့ အမေရိကန် ပြည်ထောင်စုတို့ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကို အရှိန်တိုးမြှင့်ဖို့အတွက် အမေရိကန်အစိုးရက အဆင့်မြင့်အရာရှိ နှစ်ဦးကို မြန်မာနိုင်ငံကို စေလွှတ်ဖို့ ရှိတယ်လို့ သိရပါတယ်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၊ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Robert Hormats
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၊ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Robert Hormats နဲ့ နိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Francisco Sanchez တို့ဟာ လာမယ့် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကို စီးပွားရေး မြှင့်တင်ခြင်းဖြင့် ကူညီထောက်ပံ့ဖို့အတွက် သူတို့နှစ်ဦးဟာ နေပြည်တော်နဲ့ စီးပွားရေးမြို့တော် ရန်ကုန်ကို သွားရောက်မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သူတို့နှစ်ယောက်ဟာ မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာ အမေရိကန်နဲ့ အရှေ့တောင်အာရှနိုင်ငံများအကြား ကုန်သွယ်ရေး တိုးမြှင့်မှုဆွေးနွေးပွဲကို တက်ရောက်မယ့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့မှာ ပူးပေါင်းပါဝင်ကြမှာ ဖြစ်ပါတယ်။
6:54 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com