အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်(၀ဲ)နှင့် အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းတို့ တိုကျိုမြို့ ကွန်ဖရင့်တွင် ဇူလိုင်လ ၈ ရက်က တွေ့ဆုံစဉ်
အာဖဂန်နိုင်ငံ၏ ယိုင်နဲ့နေသော စီးပွားရေးနှင့် လူမှုဝန်းကျင် အခြေအနေ ပြန်လည်နာလန်ထူနိုင်ရေးအတွက် ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများအဖြစ် နိုင်ငံတကာက ဒေါ်လာ ၁၆ ဘီလျံ အကူအညီပေးမည်ဟု ဇူလိုင်လ ၈ ရက်နေ့တွင် ကတိပြုခဲ့သည်။
အလှူရှင်နိုင်ငံများအနေဖြင့် အာဖဂန်အစိုးရအပေါ် ရှုပ်ထွေးမှုရှိပြီး ကြိုတင်သတ်မှတ်ချက်များ ပါဝင်သော ပြုပြင်ပြောင်းလဲရေးအစီအစဉ်များ တောင်းဆိုမှုမပြုလုပ်ရန် ကုလအတွင်း ရေးမှူးချုပ်ဘန်ကီမွန်က သတိပေးခဲ့သည်။ တိုကျိုတွင် အာဖဂန်ပြန် လည်ထူထောင်ရေးဆိုင်ရာ အကူအညီပေးရေး ကွန်ဖရင့်ပြုလုပ်ခဲ့ပြီး နိုင်ငံနှင့်အဖွဲ့အစည်း ၈၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
လာမည့် ၁၀ နှစ်အတွင်း အာဖဂန်တွင် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအတွက် တစ်နှစ်လျှင် အနည်းဆုံးဒေါ်လာ ခြောက်ဘီလျံခန့် လိုအပ်မည်ဖြစ်ကြောင်း အာဖဂန်ဗဟိုဘဏ်က ခန့်မှန်းခဲ့သည်။
လာမည့်လေးနှစ်အတွက် နိုင်ငံတကာက ကတိပြုခဲ့သော ဒေါ်လာ ၁၆ ဘီလျံထဲတွင် အမေရိကန်၏ အလှူငွေ မပါသေးကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြည်ပအကူအညီပေးမည်ဆိုပါက အမေရိကန်လွှတ်တော်၏ အတည်ပြုချက်လိုအပ်၍ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။
ပြီးခဲ့သောဆယ်စုနှစ်အတွင်း အမေရိကန်သည် အာဖဂန်သို့ အကူအညီဒေါ်လာ ၁၈ ဒသမ ၈ ဘီလျံခန့် ပေးအပ်ခဲ့သည်။ ဟီလာရီက ၂၀၁၇ ခုနှစ်အထိ ယင်းပမာဏနီးပါး အကူအညီပေးနိုင်ရေးအတွက် လွှတ်တော်ထံ တောင်းခံသွားမည်ဟု ပြောကြားခဲ့သည်။
Ref:CNN
7:02 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com