22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, August 28, 2012

ADSL အင်တာနက်လိုင်းများ အမြန်နှုန်း နှစ်ဆ အခမဲ့တိုးမြှင့်ပေးထား

ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့ များတွင် လက်ရှိ ADSL အသုံးပြု နေသော user များကို ငွေကြေးတိုးမြှင့် ကောက်ခံခြင်း မရှိဘဲ အမြန်နှုန်း နှစ်ဆ အခမဲ့ တိုးမြှင့် ပေးထား သည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်း သန်းက အမျိုးသားလွှတ်တော် အ စည်းအဝေး တွင် ဖြေကြားခဲ့ သည်။
ယခုလ ၁၅ ရက်နေ့က နေ ပြည်တော်တွင် ကျင်းပသော အမျိုး သားလွှတ်တော် အစည်းအဝေး တွင် ရှမ်းပြည်နယ်မှ မေးမြန်း သော မေးခွန်းနှင့်ပတ်သက်ပြီး ဒုတိယဝန်ကြီးက ဖြေကြားရာတွင် ADSL အင်တာနက်လိုင်းများ အတွက် လက်ရှိကောက်ခံသည့် နှုန်းထားမပြောင်းဘဲ မြန်နှုန်း (Speed) တိုးမြှင့်၍ ဝန်ဆောင်မှုပေး ခြင်းကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များရှိ Up Link Transmission များ အဆင်ပြေသည့် နေရာများတွင် Trial အနေဖြင့် ၂၀၁၂ ဇူလိုင်လ ၁၅ ရက်နေ့ မှစတင်ပြီး အမြန်နှုန်း Speed နှစ်ဆခန့် တိုးမြှင့်ဆောင်ရွက်ထား ကြောင်း သိရသည်။
လက်ရှိတွင် ယခင်က အမြန် နှုန်း 256 Kbps သုံးစွဲသူများကို 512 Kbps သို့ လည်းကောင်း၊ 512 Kbps သုံးစွဲသူများကို 1Mbps သို့လည်းကောင်း၊ 1Mbps သုံးစွဲသူများကို 1.5Mbps သို့လည်းကောင်း ၂၀၁၂ ဩဂုတ် လ ၁ ရက်နေ့မှ တိုးမြှင့်ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
ယင်းအပြင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဝန်ဆောင်မှုပေးနေသော ADSL အင်တာနက်လိုင်းသုံးစွဲခများကို လည်း လျှော့ချနိုင်ရန်အတွက်အသေးစိတ်တွက်ချက်၍ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း အဆို ပါ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းသန်းက ယခုလ ၁၅ ရက်နေ့ က နေပြည်တော်တွင်ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်း အဝေး ၂၇ ရက်မြောက်နေ့တွင်ရှမ်း ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် ၃ မှ ဦးစိုင်းစံမင်း၏ ADSL အင် တာနက်စနစ်နှင့်ပတ်သက်သည့်မေး မြန်းချက်ကိုပြန်လည်ဖြေကြားသည်။
အိုင်တီပညာရှင်တစ်ဦးက “နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နည်းပညာက အရေးကြီး ပါတယ်။ အင်တာနက်အသုံးပြုဖို့ ကလည်း လိုအပ်ပါတယ်။ မိုဘိုင်း ဖုန်းတွေမှာ အင်တာနက်အသုံးပြု ခွင့်ပေးပြီးတဲ့နောက်ပိုင်း အင်တာ နက်အသုံးပြုသူဦးရေက တက်လာ တယ်လို့ သိရပါတယ်။ ဒါတွေက ကောင်းပါတယ်။ မိုဘိုင်းကနေ တစ် ကိုယ်ရည်အင်တာနက်သုံးနိုင် တယ်။ ဒါတွေက အရမ်းကောင်း ပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးဖို့ လိုအပ်ပါတယ်”ဟု ပြောသည်။
ခိုင်ဝေ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )