22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, August 28, 2012

သမ္မတ ဦးသိန်းစိန် အစိုးရ ၀န်ကြီးများ ပြောင်းလဲ တာဝန်ပေး


ပြုပြင်ပြောင်းလဲရေး သမားဟု နိုင်ငံတကာအလယ်တွင် ချီးမွမ်းထောပနာ ပြုခံရသော သမ္မတ ဦးသိန်းစိန် သည် အစိုးရအဖွဲ့အတွင်း အရေးပါတဲ့ ၀န်ကြီးတချို့ကို ပြောင်းလဲ တာဝန်ပေးအပ်လိုက်ပါတယ်။

ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေး

ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်ကြောင်းနဲ့ပတ်သက်ပြီး သြဂုတ်လ ၂၇ ရက်နေ့ နေ့စွဲဖြင့် အမိန့်အမှတ် ၂၂/၂၀၁၂ ကို နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်လိုက်ပါတယ်။

ပြောင်းလဲ တာဝန်ပေးအပ်ခံရတဲ့ ၀န်ကြီးများ စာရင်းမှာ
၁။ ဦးစိုးသိန်း (သမ္မတရုံး ဝန်ကြီးဌာန)
၂။ ဦးအောင်မင်း (သမ္မတရုံး ဝန်ကြီးဌာန)
၃။ ဦးလှထွန်း (သမ္မတရုံး ဝန်ကြီးဌာန)
၎။ ဦးတင်နိုင်သိန်း (သမ္မတရုံး ဝန်ကြီးဌာန)
၅။ ဦးအောင်ကြည် ( ပြန်ကြားရေးဝန်ကြီးဌာန)
၆။ ဦးကျော်ဆန်း (သမ ၀ါယမ ဝန်ကြီးဌာန)
၇။ ဦးအုန်းမြင့် ( မွေး/ရေ ဝန်ကြီးဌာန)
၈။ ဦးအေးမြင့် (စက်မှုဝန်ကြီးဌာန)
၉။ ဦးတင့်ဆန်း (အားကစား ဝန်ကြီးဌာန)

တို့ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန် တာဝန်ပေးလိုက်ခြင်းဖြစ်ပါတယ်။


အဆိုပါသတင်းကို နိုင်ငံပိုင် ရုပ်မြင်သံကြား၊ ရေဒီယိုတို့က မြန်မာစံတော်ချိန် ည ၈ နာရီ သတင်း တွင် ကြေညာသွားခဲ့ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )