22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, August 26, 2012

ဦးခင်ညွန့် ကာလရှည် ပဉ္ဖင်း ထပ်ဝတ်မည်

ယခင်စစ်အစိုးရလက်ထက် စစ်ထောက်လှမ်း
ရေးအကြီးအကဲဖြစ်သူ ဦးခင်ညွန့်သည် မကြာမီ
လပိုင်းအတွင်း ကာလရှည် ပဉ္ဖင်းခံရဟန်းဝတ်ရန်
အစီအစဉ်ရှိကြောင်း ၎င်း၏ မိသားစုအသိုင်းအဝိုင်း
နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။


“ဒီလိုအစီစဉ်ဖြစ်တာက ဦးခင်ညွန့်ရဲ့ အစ်ကိုဖြစ်သူက တိုက်တွန်းတဲ့အတွက် အခုတစ်ခေါက်ထပ်ပြီး ပဉ္ဖင်းခံမှာဖြစ်ပါတယ်။ ဒါနဲ့ဆို သူဝတ်တာ နှစ်ကြိမ်ရှိပြီ။

ပထမဦးဆုံးတကြိမ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လွတ်လာပြီး လအနည်းငယ်အတွင်းမှာပဲ ဝတ်တာ ပါ”ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

၎င်းသည် ယခင် စစ်အစိုးရလက်ထက်၌ စစ်ထောက်လှမ်းရေးအကြီးအကဲ့တစ်ဦးအဖြစ် တာဝန်ထမ်း
ဆောင်ခဲ့ပြီး လာဘ်ပေးလာဘ်ယူအမှုဖြင့် နှစ်ရှည်ထောင်ဒဏ်ကြခံခဲ့ရပြီး အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထဲ၌ ပါဝင် လာသူတစ်ဦးဖြစ်သည်။

“ဦးခင်ညွန့် ပြန်လွတ်လာတဲ့အချိန်က ဝန်ကြီးအချို့နဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့ လာတွေ့ပြီး အား
ပေးခဲ့တယ်။

ပြီးတော့ သူ့ကို နိုင်ငံရေး လောကထဲ ပြန်ဝင်အောင် တိုက်တွန်းကြတဲ့လူတွေလည်းရှိတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက သူက အချိန်မတန်သေးဘူးဆိုပြီး ပြောခဲ့တယ်”ဟု ၎င်းအားထောက်ခံသူ ဗိုလ်မှုးကြီဟောင်းတစ်ဦးက ပြောသည်။

ယင်းသို့ စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်လွတ်မြောက်လာသည့်အချိန်၌ အရပ်သားအစိုးရသစ်၏ ဝန်ကြီးအချို့ နှင့် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်အချို့မှ တွေ့ဆုံအားပေးမှုများ ပြလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းတွင် တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးကဦးခင်ညွန့်အသုံးပြုရန်ကားသစ် တစ်စီးပေးအပ်ခဲ့ခြင်းကြောင့်အထူးစုံစမ်းစစ်
ဆေးရေးဦးစီးဌာန (စသုံးလုံး)၏ ခေါ်ယူစစ်ဆေးမှု ခံခဲ့ရသေးကြောင်း စစ်ထောက်လှမ်းရေး
အရာရှိ ဟောင်းတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

Sweet Yangonchronicle
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )