22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, August 26, 2012

ညမထွက်ရ အမိန့်ဖောက်ဖျက်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံရသူများမှာ ရခိုင်တိုင်းရင်းသား အများစုပါဝင်

ရခိုင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းဆောင်ရွက်သူများမှာ စစ်တွေမြို့
ပေါ်၌ ရှိနေသောကြောင့် ညမထွက်ရအ
မိန်အား ဖောက်ဖျက်ကျူးလွန်းမှုကြောင့်
 ပြစ်ဒဏ်ချမှတ်ရာတွင် ရခိုင်တိုင်းရင်း


သားများမှာ အများစုဖြစ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦ
က ပြောသည်။

" စစ်တွေ အမှု ၁၃ မှုမှာ လူ ၆၁ဦး၊ သံတွဲ နှစ်မှုမှာ လူ ၂ ဦး၊ စုစုပေါင်း ၆၃ ဦးစီရင်ချက်ချပြီးပြီ။ သူတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ အမြင့်ဆုံး ထောင်ဒဏ် ၆ လစီ အပြစ်ပေးခဲ့တာဖြစ်တယ်။ အများစုမှာ ရခိုင်တိုင်းရင်းသားတွေဖြစ်တယ်။ စစ်တွေမှာ အများဆုံးဖြစ်နေတာကလည်း တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းဆောင်ရွက်သူတွေဟာ စစ်တွေမြို့ပေါ်မှာပဲ ရှိနေခြင်းကြောင့်ဖြစ်တာ။ " ဟု သူကပြောသည်။

ညမထွက်ရအမိန့် ဖောက်ဖျက်သူများထဲတွင် အမှန်တကယ် ချိုးဖောက်သူတွေလည်း ပါသလို ကျန်းမာရေးအရ၊ စားဝတ်နေရေးအရ မလွဲမရှောင်သာ သွားလာရသူများလည်း ပါဝင်နေကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) အတွင်းရေးမှူး ဦးခိုင်ပြည်စိုးကပြောသည်။

" အမှန်တကယ် ပြစ်မှုကျူးလွန်ပြီး ဖမ်းထားတဲ့ INGO ၀န်ထမ်းဘင်္ဂါလီတွေကို ပြန်လွှတ်ပေးလိုက်တဲ့အချိန်မှာ ရခိုင်တိုင်းရင်းသားတွေကို ပြစ်ဒဏ်တွေ ချမှတ်ထားတယ်၊ အခုလို ဖြစ်နေတာဟာ ဘင်္ဂလီတွေအတွက် လူ့အခွင့်အရေးဆိုတဲ့ ဆောင်ပုဒ်အောက်ကနေ နိုင်ငံတကာက လုပ်ဆောင်ပေးမယ့်သူတွေရှိတယ်၊ ရခိုင်တိုင်းရင်းသားတွေ အတွက်ကကျတော့ လူ့အခွင့်ရေးဆိုတဲ့ ဆောင်ပုဒ်အောက်က အော်မယ့်လူမရှိဘူး၊ မြန်မာအစိုးရကိုလည်း ဒေသခံ တိုင်းရင်းသားတွေအပေါ်မှာ အကာအကွယ် မပေးနိုင်တာဖြစ်တယ်။ " ဟု ၎င်းက ဆက်ပြောသည်။

သြဂုတ် ၁၆ ရက်နေ့က နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs)ဖြစ်သည့် AZG မှ ၀န်ထမ်းသုံးဦးနှင့် WFPမှ ၀န်ထမ်းနှစ်ဦးတို့အား စစ်တွေ၊ ဘူးသီးတောင် အကျဉ်းထောင်များမှ ပြန်လွှတ်ပေးခဲ့သည်။

အဆိုပါ INGO ၀န်ထမ်းများမှာ အရေးအခင်း၌ အမှန်တကယ် ပါဝင်ပတ်သက်ခဲ့သည့် ခိုင်မာသော သက်သေများ ရရှိထားပြီး၊ ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ဇူလိုင် ၃၀ ရက်နေ့ ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာရုံးဟောင်း ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တရားဝင်ထုတ်ပြန်ချက် ကိန်းဂဏန်းများအရ ညမထွက်ရအမိန့် ဖောက်ဖျက် ကျူးလွန်သူများအပါအ၀င် အရေးအခင်းနှင့်ပတ်သက်၍ ဖမ်းဆီးထားသူ စုစုပေါင်း ၈၇၂ ဦး ရှိကြောင်းသိရသည်။

Arakan Times
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )