22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, August 27, 2012

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး သွေးလှူပွဲ ကျင်းပ

နိုင်ငံရေးအကျဉ်းသား ဦးရွှေထူးအပါအ၀င် ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့ ရည်စူးပြီး သွေးလှူဒါန်းပွဲ တစ်ခုကို မန္တလေးမြို့ ၅၅လမ်း၊ ၄၀-၄၁လမ်းကြား ရဲမွန်တောင်ရပ်ကွက်မှာရှိတဲ့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ မြင့်မြတ်ဧရာဝတီလူငယ် လူမှုကွန်ယက်အဖွဲ့က ဦးဆောင်ပြီး ဒီနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
နာမည်ဆိုးနှင့် ကျော်ကြားသော မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင်၏ အုတ်ရိုးအပြင်ဘက်တွင် အစောင့်တဦး လှည့်ပတ်စောင့်ကြည့်နေပုံ ဖြစ်ပါသည်။ (PHOTO: AFP)

သွေးလှူဒါန်းပွဲ ကျင်းပတဲ့ရတာနဲ့ ပတ်သက်လို့ မြင့်မြတ်ဧရာဝတီ လူငယ်လူမှုကွန်ယက်ရဲ့ နာယက ဖြစ်တဲ့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်ရဲ့ ပဓာန နာယက ဆရာတော် ဦးတေဇောဘာသက RFA ကို အခုလို မိန့်ကြားပါတယ်။
"မြင့်မြတ်ဧရာဝတီအသင်းက ၄ လတကြိမ် သွေးလှူဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ အခုဟာကတော့ ကြားဖြတ်အစီအစဉ် သွေးလှူပွဲပါ။ ဦးရွှေထူးနဲ့ တကွ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့ ရည်ရွယ်ချက်နဲ့ပါ။ နိုင်ငံတော်အစိုးရက လွှတ်ပေးကြည့်လိုက်စမ်းပါ။ ဘုန်းကြီးတို့ရဲ့ သဘောအရ။ လွှတ်ပေးတဲ့ အစိုးရမှာလည်း ဂုဏ် သိက္ခာရှိ စိတ်ချမ်းသာသွားမှာပါ။ လွတ်မြောက်တဲ့ ပုဂ္ဂိုလ်တွေလည်း ဂုဏ် သိက္ခာရှိ စိတ်ချမ်းသာသွားမှာပါ။ တိုင်းပြည်နဲ့လူမျိုးကို အကျိုးပြုမယ့် ပုဂ္ဂိုလ်တွေကို ဒီလိုမျိုး အချုပ်အနှောင်ထဲမှာ အကျဉ်းချပြီးတော့ ဒုက္ခရောက်အောင် ခံစားအောင် လုပ်ထားခြင်းသည် တိုင်းပြည်အတွက် ဆုံးရှုံးမှုကို ဖန်တီးခြင်းတမျိုးလို့ ဘုန်းကြီးတို့က နားလည်တယ်။"
ဒီနေ့သွေးလှူဒါန်းပွဲမှာ သံဃာတော်တွေအတွက် အင်္ဂလန်မှာနေထိုင်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ပန်းချီဆရာ ကိုထိန်လင်းနဲ့ ဇနီးဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးဟောင်း မဥမ္မာ ခေါ် မစ္စ ဗစ်ကီဘိုးမင်း ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အပါအ၀င် ၁၁၁ ဦး လာရောက် လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။
သွေးလှူဒါန်းပွဲ အပြီးမှာ ပန်းချီ ကိုထိန်လင်း၊ မန္တလေးအခြေစိုက် ပန်းချီဆရာ ကိုစူးမြင်သိန်း တို့ က သရုပ်ပြအနုပညာ နဲ့ တင်ဆက်ခဲ့ကြပြီး နိုင်ငံရေးအကျဉ်းသား ဟောင်းတွေက ငြိမ်းချမ်းရေး လက်နက် ဆိုတဲ့သီချင်းနဲ့ ဖြေဖျော်ခဲ့ကြပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )