အင်းစိန် အကျဉ်းထောင်တွင် မူးယစ်ဆေးဝါး
အမူဖြင့်ထောင် ဒဏ် ၁၂နှစ်ကျခံနေရသော
တရားခံ တစ်ဦး ဩဂုတ်လ ၂၆ ရက်နံနက်
၆ နာရီခန့်ကထွက်ပြေးလွတ်မြောက် သွား
ကြောင်း အကျဉ်းဦးစီးဌာနမှတာဝန်
ရှိသူ တစ်ဦး က အတည် ပြုပြော ကြားလိုက်သည်။'
'ဟုတ်ပါတယ်။မူးယစ်ဆေးဝါးအမူနဲ့ကျခံနေ ရတဲ့သူတစ်ဦးဖြစ် ပါတယ်။မနေ့ကနံနက် ၆နာရီ
လောက်ကနေ အင်းစိန် ဆေးရုံက ထွက်ပြေး သွားတာဖြစ်ပါတယ်။
သူက ထောင်၁၂နှစ်ကျခံထားရတဲ့သူတစ်ဦး ဖြစ်ပါတယ်။ ရဲလုံခြုံရေး ယူထား တဲ့ ကြားကနေ
ထွက်ပြေးသွား တာဖြစ်ပါတယ်''ဟု ယင်းကအတည်ပြု ပြောကြားသည်။
လွှတ်မြောက် သွားသူမှာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့ နယ်နေသူတစ်ဦး ဖြစ်ပြီး ゞင်းသည်
မကြာ သေးခင်ကမူးယစ်ဆေးဝါးအမူဖြင့် မင်္ဂ္လာဒုံ မြို့နယ် တရားရုံးက ရာကြီး အမှတ် ၄၈၃/၁၂ မူးယစ်
ပုဒ်မ ၁၅/ ၁၆ (ဂ)ဖြင့် ထောင်ဒဏ် ၁၂ နှစ် ပြစ် ဒဏ်ကျခံစေရန်အမိန့်ချမှတ် ခံခဲ့ရသူ
တစ်ဦး ဖြစ်ကြောင်း သိရ သည်။
ယင်းသည် ထောင်အတွင်း နေထိုင်စဉ်ကျန်းမာရေး ချို့ယွင်း လာသဖြင့် ကျောက်ကပ်နှင့်ဆီးချို
ရောဂါကို ကုသရန် အင်းစိန် ထောင်တွင်း တွင်ရှိသော ဆေးရုံတွင် ကုသခံ နေရသော လူနာတစ်ဦးဖြစ်ကြောင်း သိရသည်။
''သူကိုကျ န်းမာရေး ကြောင့်ဆေး ကုသရမယ့် အတွက် အင်းစိန်အကျဉ်းထောင် ဆေးရုံမှာ တာဝန်ကျလုံခြုံရေး ၃ယောက်က စောင့်ကြပ်ပြီး ဆေးကုသခွင့်ပေး ခဲ့ပါတယ်။
ဒါကို အခွင့်ကောင်းယူပြီး ကုတင်သံတိုင် နဲ့သူ့ ခြေထောက် ကို သံကြိုးတွေ နဲ့ချည်နှောင် ထား တဲ့
ကြား ကနေ ထွက်ပြေး သွားတာဖြစ်ပါတယ်။
တရားခံကို ပြန်လည် ဖမ်းဆီးနိုင်ဖို့ အတွက် အဓိ ကကျတဲ့နေရာတွေ ကိုလိုက်လံစုံစမ်း နေပါတယ်'' ဟုမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန် ရှိသူ တစ်ဦး ကပြောသည်။
ယခုအခါ အဆိုပါအမူ ကိုအင်းစိန်ရဲစခန်းမှ (ပ)၁၁၉၇/၁၂ ပုဒ်မ ၂၂၄ ဖြင့်အမူဖွင့်ကာစစ်ဆေး
နေကြောင်း သိရသည်။
Yangon Media Group

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com