22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, August 18, 2012

မှတ်ဥာဏ် ကောင်းလိုလျှင်


 

မှတ်ဥာဏ် ထုံထိုင်းပြီး အရာရာကို ဆုံးဖြတ်ချက် ချရ ခက်နေ သလား။ မကြာ ခဏ မေ့လျော့တတ်နေသလား။ မစိုးရိမ် ပါနဲ့။ တီဗီကို ပိတ်ပြီး အောက်ပါ တို့ကို ပြောင်းလဲ စားသောက်ပေးလိုက်ပါ။ သင့် မှတ်ဥာဏ် ပိုကောင်း လာပါ လိမ့်မယ်။
 ပေါင်မုန့်အဖြူအစား အညိုရောင်ပေါင် မုန့်စားပါ
အခွံချွတ်မထားတဲ့ ကောက်နှံစာ တွေကို စားရင် အစာကို ဖြည်းဖြည်းချင်း ကြေညက်စေကာ ဦးနှောက်အတွက် လို အပ်တဲ့ လောင်စာကို ရရှိစေပါတယ်။ ဦး နှောက်ဟာ ခန္ဓာကိုယ်တစ်ခုလုံးအလေး ချိန်ရဲ့ သုံးရာခိုင်နှုန်းလောက်ပဲ ရှိပေမယ့် စွမ်းအင် စုစုပေါင်း ၂၀ ရာခိုင်နှုန်း သုံးစွဲ နေပါတယ်။ ဒါကြောင့် ကောက်နှံတစ်ခု လုံးစာဖြစ်တဲ့ ပေါင်မုန့်ညို၊ ခေါက်ဆွဲညို၊ ဆန်လုံးညို၊ ဖွဲနုစတာတွေကို စားပေးသင့် ပါတယ်။
အချိုရည်အစား ဝိုင်သောက်ပါ
ဝိုင်၊ ကော်ဖီနဲ့ အမည်းရောင် ချော ကလက်တွေထဲမှာ ဦးနှောက်ကျန်းမာစေ တဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်နေ ပါတယ်။
 အဆီများသော အသားအစား အဆီများ သော ငါးစားပါ
အဆီများတဲ့ ငါးတွေ ဖြစ်တဲ့ တူနာ ငါးနဲ့ ဆယ်လ်မွန်ငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်များစွာ ပါဝင်နေပါတယ်။ ဒီအဆီတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေက ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အဆီတွေ ဖြစ်တာကြောင့် ဦးနှောက်ဆဲလ် တွေရဲ့ လုပ်ငန်းဆောင်တာကို ပိုမို ကောင်း မွန်စေပါတယ်။
 ဖျော်ရည်သောက်မယ့်အစား ဘယ်ရီသီး စားပါ
စတော်ဘယ်ရီ၊ ခရမ်ဘယ်ရီနဲ့ ဘ လူးဘယ်ရီသီးတွေလို ဘယ်ရီသီးတွေထဲ မှာ ကျန်းမာရေးအကျိုးပြု အင်တီအောက် ဆီးဒင့် အများအပြား ပါဝင်နေတဲ့အတွက် မှတ်ဥာဏ်ကောင်းစေပြီး ဦးနှောက်ရဲ့ လုပ် ငန်းဆောင်တာတွေကို ပိုမို တိုးတက်လာ စေနိုင်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )