22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, August 27, 2012

ရခိုင်အမျိုးသမီးအစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်းအား စစ်တွေလူထု တစ်ခဲနက်ကြိုဆို

 ၂၇ သြဂုတ်၊ ၂၀၁၂၊ 
 ရခိုင်အမျိုးသမီးအစည်းအရုံးဥက္ကဌနှင့်
ALP(ရခိုင်ပြည်လွတ်မြောက်ရေးပါတီ)
၏ထိပ်တန်းခေါင်းဆောင်တစ်ဦး ဖြစ်သူ
 ဒေါ်စောမြရာဇာလင်းသည် ယနေ့ နေ့လည် 
ဆယ့်နှစ်နာရီကျော်ကျော် 
 
ခန့်တွင် စစ်တွေ ဘုတ်ဆိပ်သို့ ရွှေနဒီ အမြန်ယာဉ်ဖြင့် ဆိုက်ရောက်လာရာ စုစုပေါင်းအရေအတွက် ခြောက်ရာခန့်ရှိသော ရခိုင်အမျိုးသား အမျိုးသမီးများ၊ 
 
 
 
သံဃာတော်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက စစ်တွေဘုတ်ဆိပ်တွင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။ ၁၉၈၈-ခုနှစ်တွင် အလယ်တန်းပြဆရာမတစ်ဦး ဖြစ်သူ ဒေါ်စောမြရာဇာလင်း 
(အမည်ရင်း ဒေါ်မြအေးသိန်း) သည် ရှစ်လေးလုံး အရေးအခင်းတွင် တက်ကြွစွာလှုပ်ရှားခဲ့ပြီး၊ တပ်မတော်မှ အာဏာသိမ်းသောအခါ ပြည်ပသို့ထွက်ခွာသွားကာ ရခိုင်အမျိုးသားရေးကိုဆောင်ရွက်ခဲ့ပြီး၊
 
 
 
 ယခုအခါ အေအယ်ပီပါတီ၏ အထွေထွေ အတွင်းရေးမှူး အဖြစ်သာမက လက်ရှိဦးသိန်းစိန်အစိုးရနှင့် ဆွေးနွေးမှုဖြစ်စဉ်တွင် အေအယ်ပီဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ၏ အတွင်းရေးမှူး အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ စစ်တွေဘုတ်ဆိပ်မှ ယာဉ်တန်းဖြင့် ထွက်လာကြပြီးနောက် စစ်တွေမြို့လမ်းမကြီးရှိ ရခိုင်တိုင်းရင်းသားများ တိုးတက်ပါတီ ဗဟိုရုံးရှေ့တွင်ခေတ္တရပ်နားကာ ရတပဗဟိုကော်မတီဝင်အချို့အား နှုတ်ဆက် စကားပြော ကြားသည်။ 
 
ထို့နောက်ပါတီရုံးရှေ့တွင် စောင့်ဆိုင်းနှုတ်ဆက်နေကြသော ပြည်သူတို့အား သုံးမိနစ်ခန့် နှုတ်ခွန်းဆက်စကားပြောကြားသည်။
 
 
 
 “အခုလို ကြိုဆိုကြတာကို မဖေါ်ပြတတ်လောက်အောင် ၀မ်းသာပါတယ်။ နှစ်ဆယ့်လေးနှစ်ပတ်လုံး ရခိုင်ပြည်နှုင့် ရခိုင်လူမျိုးအတွက် တစ်ရက်မှာ ဆယ့်နှစ်နာရီလောက် အလုပ်လုပ်နေခဲ့တာပါ။ ဆက်လက်ပြီးတော့လည်း  ကိုယ့် တိုင်းပြည် ကိုယ့်လူမျိုးအတွက် အလုပ်သွားမှာပါ  ဟု ရခိုင်လူထုအား ကတိပေးစကားပြောကြားသွားသည်။ 
 
စစ်တွေဘုတ်ဆိပ်တွင် ဒေါ်စောမြရာဇာလင်းအား ကြိုဆိုသူလူအုပ်ကြီး၏ ရှေ့ဆုံးမှ တက်ကြွစွာကြိုဆိုနေသော ဒေါ်ညိုအေး (အန်အယ်ဒီပါတီ ရခိုင်ပြည်နယ် ညီလာခံကျင်း
ပရေးကော်မရှင် အဖွဲ့ဝင်) အား Coral Arakan ကမေးမြန်းရာ
 
 “ကျွန်မက ဒေါ်ညိုအေးအနေနဲ့ အစ်မစောမြရာဇာလင်းကို လာကြိုတာ။ အန်အယ်ဒီအနေနဲ့ လာကြိုတာ မဟုတ်ဘူး” ဟု ရှင်းလင်းပြောကြားသည်။ စစ်တွေဘုတ်ဆိပ်တွင် စောင့်ကြိုနှုတ်ဆက်သူ မင်းဂံ
ရပ်ကွက်သူ မ၀င်းဝင်းခိုင်က “ဘယ်လောက်နာမည် ကြီးကြီး တစ်ခြားလူမျိုးခေါင်းဆောင်
တစ်ယောက်ဆိုရင် ကျွန်မလာကြိုမှာ မဟုတ်ဘူး။ 
 
 
ကိုယ့်ရခိုင် လူမျိုး ခေါင်းဆောင် မို့လို့ ကျွန်မတို့လာကြိုတာ” ဟု Coral Arakan အား အား
တက်သရော ပြောကြားသည်။ ဒေါ်စောမြရာဇာလင်းသည် ရခိုင်-ဘင်္ဂလာဒေရှ့်နယ်စပ်တွင် မျိုးချစ် ရခိုင်အမျိုးသမီးအင်အားစု အယောက် နှစ်ရာခန့်ကို လက်ရှိ ဦးဆောင်နေသူဖြစ်သည်။
 
 
Coral Arakan News Agency
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )