22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, September 3, 2012

မေးစေ့ပေါ်က ဝက်ခြံ

စက်တင်ဘာလ ( ၃) ရက်နှင့် ( ၄ ) ရက်နေ့များ
တွင် မန္တလေး မြို့ နယ်လေးခုတွင် ပြုလုပ်မည့်
 နိုင်ငံတော် သမ္မတကြီးအား ထောက်ခံသည့် 
ဆန္ဒဖော်ထုတ်ပွဲများကို သက်ဆိုင်ရာ မြို့ နယ် 


ရဲတပ်ဖွဲ့မှူး ရုံးများက လုံခြုံရေး အကြောင်းပြချက်ဖြင့် ခွင့်ပြုမိန့်များကို ပြန်လည် ရုတ်သိမ်းခဲ့ကြောင်း 
မန္တလေးမြို့ ခံ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။


ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ရန် ခွင့်ပြုမိန့်တောင်းခံထားသည့် လူအင်အားမှာ တစ်ရာကျော်ခန့်သာ ရှိသော်လည်း လမ်းဘေးဝဲယာ တစ်လျှောက်တွင် လိုက်ပါကြသည့် ပရိတ်သတ်များမှာ ခွင့်ပြုအင်အား စာရင်းထက် အဆမတန် များပြားနေကြောင်း၊ ယင်းကဲ့သို့ လမ်းဘေးဝဲယာမှ မသက်ဆိုင်သူများ လိုက်ပါခြင်း မရှိမှသာ ခွင့်ပြုမည်ဟု သက်ဆိုင်ရာ မြို့ နယ်ရဲတပ်ဖွဲ့မှူးများက အသိပေးပြောကြားထားသည်ဟု အရှင် ဝီရသူက မိန့်ကြားသည်။

ရိုဟင်ဂျာ အရေးနှင့်ပတ်သတ်၍ နိုင်ငံတော် သမ္မတကြီး၏ ရပ်တည်ချက်ကို ထောက်ခံသည့် အနေဖြင့် ပြည်ကြီးတံခွန်မြို့ နယ်၊ ချမ်းအေးသာဇံ မြို့ နယ်၊ ချမ်းမြသာစည်မြို့ နယ်၊ အမရပူရမြို့ နယ် များတွင် ဆန္ဒဖော်ထုတ်ပွဲများကို စက်တင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ တိုင်အောင် ပြုလုပ်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့က မန္တလေး မဟာအောင်မြေ မြို့ နယ် ( ၃၅ ) လမ်း တစ်လျှောက်တွင် ပြုလုပ်ခဲ့သော အရှင် ဝီရသူ ဦးဆောင်သော ဆန္ဒဖော်ထုတ်ပွဲတွင် သံဃာတော် အင်အား ငါးထောင်ခန့်နှင့် မန္တလေးမြို့ ခံ ငါးထောင်ခန့် လိုက်ပါခဲ့ကြောင်း မန္တလေးမြို့ ခံများထံက သိရသည်။
 
The Voice Weekly
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )