22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, December 23, 2011

ကယ်တင်ခြင်းသတင်းကောင်း ခရစ္စမတ် လက်ဆောင်....

ချစ်သောမိတ်ဆွေ…

လောကထဲမှာ တ ကယ့်လူလို့ ခေါ်လောက်တဲ့ သူတွေ ရှိကြပါတယ်။ သူတို့ဟာ
ကမ္ဘာ့မြေပေါ်မြေအောက် သယံဇာတတွေ၊သစ်ပင်၊ပန်းပင်တွေ၊

ကုန်းနေရေနေသတ္တ၀ါတွေအစ ကမ္ဘာ့ပြင်ပကဂြိုလ်တွေမကျန် စူးစမ်းလေ့လာဖော်ထုပ်ပြီး
ကမ္ဘာကို ပြောပြနိုင်ကြပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ကို
စူးစမ်းရှာဖွေနိုင်သူ တွေဟာ ကိုယ့်ကိုယ်ကိုရော အတွင်းကျကျရှာဖွေ
နားလည်ကြပါရဲ့လား ၊ ဒီစကြာဝဠာကြီးထဲမှာ လူရဲ့အကြောင်းက အနက်ဆုံး၊
စိတ်ဝင်စားစရာ အကောင်းဆုံး မဟုတ် ပါလား

မိတ်ဆွေ၊ မိမိကိုယ်ကိုအရှိအတိုင်း သိမြင်နားလည်သူဟာ လူထဲက တကယ့်လူပါ။ ဒီအတွက်
မေးခွန်း(၃)ခုဖြေရပါမည်။

၁။ လူဆိုတာဘာလဲ……….?

စားဝတ်နေရေး ပြေလည်ပြီး လူတန်းစေ့နေနိုင် သူကိုမှလူပီသတယ်လို့ လူတစ်ချို့က
ဆိုပါတယ် ။ ဒါပေမဲ့ပစ္စည်းဥစ္စာ ပြီး ပြည့်စုံလျက်နဲ့သ၀မှာ

အဓိပါယ်မဲ့ သလိုခံစားနေရသူတွေ အများကြီးပါ။ တစ်ချို့က လူသမိုင်းကြောင်းမှာ
လူအကျိုးအတွက်တစ် ခုခုလုပ်နိုင်ရင်လူုပီသတယ်လို့ေ
ပြာကြတယ်

ဒါပေမဲ့ လူတွေအားလုံးကလုပ်နိုင်ပါ့မှာလား၊ တစ်ချို့ကလူဟာ မျောက်ကဆင်း
သက်လာလို့တိရိစ္ဆာန်သဏ္ကန်ပါလာတာပါဘဲတဲ့၊
ဒီအဆိုမှန်ရင်တော့လူဟာယဉ်ကျေးမူနဲ့ဘာသာတရားမလိုတော့ပါဘူး၊တိရိစ္ဆာန်ဟာ
စားဖို့ဘဲသိတယ်မဟုတ်လား၊ မိတ်ဆွေဘာလဲဆိုတာ
စဉ်းစားလို့ရပါသလား၊ဆက်ဖတ်ပါအုံး။

၂။ လူဘ၀ရဲ့ပန်းတိုင်ဟာဘာလဲ………!

ဒီကမ္ဘာကြီး ကိုကြည့်ပါမိတ်ဆွေ၊မြေကြီးရယ်၊ အပင်တွေရယ်၊ တိရိစ္ဆာန်တွေရယ်၊
လူတွေရယ် လို့တွေ့နေရပါတယ် မြေကြီးဟာအပင်တွေရှင်တန်ဖို့ ၊

အပင်ကလေးတွေက တိရိစ္ဆာန်ရှင်တန်ဖို့ ရှိနေရတယ် ။ တိရိစ္ဆာန်တွေကလည်း လူတွေမှီ့ဝဲ

စားသုံးဖို့ ရှိနေရပါတယ်။သူတို့မှာရည်ရွယ်ချက်တွေနဲပါ။ ဒါဆိုရင်လူက
ဘာအတွက်ကြောင့်ရှိနေရတာလဲ၊လူဆိုတာစားဖို့ရှင်နေ
တာမဟုတ်၊ရှင်ဖိုးစားနေရပါတယ်လို့ဆင်ခြင်ညဏ်ရှိသူတိုင်း ဆိုပါလိမ့်မယ်။ ဒါကြောင့်
စားဝတ်နေရေးဟာမိတ်ဆွေရဲပန်းတိုင်မ ဟုတ်ပြန်ဘူး။

ဒါပြင်လူဟာသေမျိုးဖြစ်လို့ တစ်ချိန်မှာမုချသေရမယ်။ ဒါဆိုရင်
သေဖို့ရှင်နေတာလို့ပြောမလား၊ သေဖို့ရှင်နေတာ မှန်ရင်တော့ သေချိန်ကို

စောင့်နေရတာထက် အခုချက်ချင်းသေရင်ပိုမကောင်းဘူးလား၊ ဒါတွေလည်းအဖြေမမှန်ပြန်ဘူး၊
မိတ်ဆွေရဲ့ဘ၀ပန်းတိုင်ဘာလည်းဆိုတာ စဉ်းစားလို့ ရပါသလား၊ဆက်ဖတ်ပါအုံး။

၃။ လူသေရင်ဘယ်ကိုသွားမလဲ…….?

တမလွန်ရှိတာလူတိုင်းယုံကြတယ်။ တမလွန်မှာဘာတွေဖြစ်မှာလည်း၊ တချို့ကသေမှသိမယ်တဲ့။
တစ်ချို့ကကိုယ့်အပေါ် မူတည်တယ်တဲ့၊

ကောင်းတာလုပ်ရင်ကောင်းတာရောက်မယ်၊
မကောင်းတာလုပ်ရင်မကောင်းရာကိုရောက်မယ်တဲ့။အဖြေတွေ ကအမျိုးမျိုးပါဘဲ၊

ဒါပေမဲ့ သေမှာကြောက်တာရယ်၊ သေပြီးရင်ဘယ်ကိုရောက်မယ်ဆိုတာ
တိတိကျကျမပြောနိုင်တာရယ် က တော့လူအားလုံးမှာအတူတူပါဘဲ၊
မိတ်ဆွေသေရင်ဘယ်သွားမလဲသိပါသလား……….?

ချစ်သောမိတ်ဆွေ……!

လူထဲကတကယ့်လူ ဖြစ်စေမယ့်မေးခွန်း(၃) ခုရဲ့အဖြေ
ကိုသမ္မာကျမ်းစာကဒီလိုအဖြေပေးထားပါတယ်။

လူဆိုတာဘာလဲ? - ဖန်ဆင်းရှင်ဘုရားရဲ့ပုံသဏ္ဌန်တော်ဖြစ်ပါတယ်။

''တဖန်ဘုရားသခင်က ငါတို့ပုံသဏ္ဌန်နှင့်တညီတသဏ္ဌန်တည်းလူကိုဖန်ဆင်းကြစို့''
(ကမ္ဘာ၁း၂၆)

လူဟာဘုရားရဲ့သဘောသဘာဝကိုထင်ဟပ်ကိုယ်စားပြုတဲ့ ဖန်ဆင်းခံဖြစ်ပါတယ်၊
အမြင့်ဆုံးနဲ့ တန်ဖိုးအရှိဆုံးဖေါ်ပြချက် ဖြစ် လို့ လူတန်းစာမရွေး

(အေအိုင်ဒီအက်စ် သမားမကျန်) သာခေါ် ၀မ်းမြောက်နိုင်တဲ့ ဖွင့်ဆိုချက်ပါ်။
လူလူချင်းအဆင့်အတန်းခွဲ တတ်တဲ့ဒီလောကာကြီးမှာဒါကိုသိမှလူကို

လူလိုမြင်နိုင်မှာပါ။ ကိုးကွယ်ရာကို တမော့မော့နဲ့ကြည့်တတ်လို့
လူကိုပုထုဇဉ်လို့ခေါ် လူမှန်ရင်စာရိတ္တ ကို တန်ဖိုးထားပြီးဝဋ်ကို ယုံ၊

ငရဲကို ကြောက်တတ်တာဒါကြောင့်ပါမိတ်ဆွေ၊ ဖန်ဆင်းရှင် ဘုရားတကယ်ရှိ
တာကိုမိတ်ဆွေယုံရဲ့လား၊အကြောင်းကြောင့်

အကျိုးဖြစ်ရတဲ့ သဘောကို ဆင်ခြင်ရင်အလွယ်သိနိုင် ပါတယ်။

ဖန်ဆင်းတော်မူသောအရာများကိုထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော် တည်းဟူသော
မျက်မြင်မရသော ဘုရား သခင်၏အရာတို့သည်
ကမ္ဘာတည်သည်ကာလမှစ၍ထင်ရှားလျက်ရှိကြ၏"(ရောမ၁း၂၀)

ထာဝရဘုရားသခင်ဟာ မြေမှုန့်နဲ့ လူကိုဖန်ဆင်းပြီး
ဇီဝအသက်ကုမှုတ်သွင်းခဲ့ပါသည်။ဒါကြောင့်လူမှာရှပ်နဲ့နာမ်ဆို ပြီး(၂)ပိုင်း
ရှိတာပါ။
သိပ္မံပညာရှင်တွေကလူရဲ့ရှပ်ကြွင်းက ဓါတ်ခွဲလိုက်တဲ့အခါမြေကြီးမှာပါတဲ့
ဓါတ်အရေအတွက်အမျိုးအမည်နဲ့ တိ ကျစွာကိုက်ညီကြောင်းသက်
သေခံထားပါတယ်။

လေကိုရှုမိတဲ့မိတ်ဆွေဟာ၊နှာခေါင်းရှိလို့လေရှိရသလား၊လေရှိလို့နှာခေါင်းရှိရသလား၊စဉ်းစားဖူးပါသလား၊ဒီကမ္ဘာကြီးဟာ
ရည်ရွယ်ချက်ရှိပြီး ပုံစံကျနေ တာ။ ဥာဏ်ရှိတဲ့ဘုရားရှင်မဟုတ်ရင်
ဘယ်လိုရှင်းပြမှာလဲ၊ ကောင်းရာကိုတန်ဖိုးထားပြီး ၊အို၊ နာ၊

သေခြင်းကင်းတဲ့ နိဗ္ဗာန်ကိုမျက် မှောက်ပြုဖို့ တောင့်တနေတာဟာလည်းထာဝရတည်တဲ့၊
သင်္ခါရနဲ့ကင်းလွတ်တဲ့၊ ကောင်းမြက်
ခြင်းရဲ့အချုပ်ဖန်ဆင်းရှင်သခင်ကိုရှာနေတာဘဲမဟုတ်လား  မိတ်ဆွေ......
ထာဝရဘုရားသည် ကောင်းမြတ်တော်မူုသည်အကြောင်းကိုမြည်းစမ်း၍
သိမှတ်ကြလော့။"(ဆာလံ၃၄း၈)

မိတ်ဆွေဟာဖန်ဆင်းရှင်ရဲ့ပုံသဏ္ဍန်တော် ဖြစ်လို့ တကယ့်လူဖြစ်ပါပြီ။

ဒုတိယဖြေရမည်မေးခွန်က- လူဘ၀ရဲ့ပန်းတိုင်ဟာဘာလဲ?

- လူဟာဖန်ဆင်းရှင်ကို အစေခံဖို့ ဒီလောကကြီးထဲမှာရှိနေတာဖြစ်ပါတယ်။
''သင်တို့သည် - မည်သည့်အမူကိုပြုသော်၎င်း၊ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍
ခပ်သိမ်းသောအမူကိစ္စ ကိုပြုကြလော့။''  (၁ကော၁၀း၃၁)''

ဖန်ဆင်းခံဖြစ်ခြင်းကပန်းတိုင်ကို သတ်မှတ်ပေးပါတယ်။ အိမ်မှာမွေးထာတဲ့ ခွေးကို
နံနက်မိုးလင်းတာနဲဆလံပေးပြီး၊ မင်္ဂလာပါလို့ ဘယ်အိမ်ရှင်မှ
နှုတ်ဆက်မှာမဟုတ်ပါဘူး၊ ခွေးကို ကိုယ်မွေး ထားတဲ့အတွက်
ကိုယ်ထားသလိုနေရမှာပါ။ ဒါကြောင့်စားဝတ်နေရေးဟာ ပန်းတိုင်မဟုတ် တော့ပါ၊

ဘုရားကို အစေခံရာမှာ လူ့အသက်ရှင်ဖို့ လုပ်တဲ့အလုပ်လေးမျှ သာဖြစ် ပါတော့တယ်၊
ဒါကိုစိတ်ချရင် မိတ်ဆွေဟာတကယ်လူဖြစ်ပါပြီ။

နောက်ဆုံးမေးခွန်း---

လူသေရင်ဘယ်ကိုသွားမလဲ? -

ကွဲပြားတဲ့အဖြေတွေကြောင့်ဘုရားထံပြန်မဲ့အစား တစ်နေရာရာကိုလွဲချော်ဦး
တည်နေပြီလို့ ပြောနိုင်ပါတယ်။

အဘယ်ကြောင့်နည်းဟူမူကား ၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌
အသေရေပျက်ကြပြီ။(ရောမ၃း၂၃)

လူတွေဘုရားထံပြန်မရောက်နိုင်တာဟာဘုရားစံချိန်နဲ့ လွဲနေကြလို့ ကံသုံးပါးကို
နေ့စဉ်နဲ့အမျှ ကျူးလွန်နေကြ လို့ဖြစ် ပါ တယ်။

ဘုရားစံချိန်ကမလှရင်လည်းချစ်ပါ။ ဘာအကြောင်းနဲ့မှ မညာရဘူးတဲ့၊ သူမချစ်ရင်လည်း
ကိုယ်ကချစ်ရ မယ် တဲ့

မျှော်လင့်ချက်မထားဘဲပေးကမ်းပါတဲ့ ၊ အူမ မတောင့်ရင်လည်း သီလမပျက်ရဘူးတဲ့ ၊
ဒါပေမယ့် လူတွေ ဘာလုပ် ကြ သလဲ ၊

လှမှ ချစ်ကြတယ် မုသားပါမှ လင်္ကာချောတယ် ၊ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါတဲ့

သမီးပေးမှသမက်ရမယ်တဲ့ ၊ အူ မ မတောင့်ရင် တော့ သီလစောင့်ဖို့ မဖြစ်နိုင်ဖူးတဲ့၊
ဒီလို ဘုရားစံချိန်နဲ့လွဲနေမှာတော့ တမလွန် ၀ဋ်ကြွေးဆပ်ရာမှာ သေချာပြီ
ပေါ့မိတ်ဆွေ---
လူသည်တစ်ခါတည်း သေ၍ ထိုနောက်မှ တရားစီရင်တော်မူခြင်းကို ခံရသကဲ့သို့''
(ဟေဗြဲ၉း၂၇) "အသက်စာစောင်၌ စာရင်းမ၀င်သော သူရှိသမျှတို့ကို လည်းမီးအိုင်ထဲ
ဲ့သို့ချပစ်လေ၏'' (ဗျာဒတ်၂၀း၁၅)

ချစ်သောမိတ်ဆွေ…..!

သေဖို့ကိုကြောက်နေတာဟာ တမလွန်မှာ ၀ဋ်ကြွေးဆပ်ဖို့ရှိနေလို့ပါ။ဒီဝဋ်ကြွေးကျေအောင်
လူကမတတ်နိုင်ဘူး ၊

ကုသိုလ်ကောင်းမှုနဲ့ ချေမယ်ဆိုပြန်တော့ ကုသိုလ်လုပ်မိတာနည်းနည်း၊
ငရဲကြီးမိတာကများများမဟုတ်လားမိတ်ဆွေ ၊

တရားကိုကျင့်မယ်စဉ်းစားပြန်တော့ လည်းအားလုံးကို ကုန်အောင် မကျင့်ကြံနိုင်၊
တစ်ခုပျက်ရင်အားလုံးပျက်တာဘဲ မဟုတ်လား ၊

ပညတ်တရားအလုံးစုံ ကိုစောင့်ရှောက်သည်တွင်
တစ်စုံတစ်ခု၌မှားမိလျှင်ပညတ်အလုံးစုံကို လွန်ကျူးသောအပြစ်ရှိ၏(ယာ၂း၁၀)

ဒီလိုမိမိဘာသာ ၀ဋ်ကြွေးဆပ်ဖို့ အစွမ်းလည်းမရှိ ၊ အချိန်လည်းမရှိကြတဲ့ လူသားထု
အပယ်တံခါးပိတ် လို့
ကိုယ်တော်ထံပြန်လာနိုင်အောင်ဘုရားသင်ခင်ကျေးဇူးပြုခဲ့ပါပြီ မိတ်ဆွေ၊

"အဘယ်ကြောင်နည်းဟူမူကား ၊ ဘုရာသခင်သည်အပြစ်နှင့်ကင်းစင်သောသူကို
ငါတိုအတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏

အကြောင်မူကား ၊ ငါတို့သည်ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောက်မတ်သော
သူဖြစ်မည့်အကြောင်းတည်း။" (၂ကော ၅း၂၁)

လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်က ခရစ်တော်ယေရှုဘုရားဟာ လူ့ဇာတိကိုယူပြီး
လောကသို့ကြွဆင်းခဲ့ပါတယ် ၊ မိတ်ဆွေရဲ့ဝဋ္ဋ်ကြွင်းကိုကားတိုင်မှာ
သူအသက်နဲ့ပေးဆပ်ပြီးသုံးရက် မြောက်သောနေ့မှာရှင်ပြန်ခဲ့ပါတယ် ၊
ယေရှုကိုမိမိရဲ့ကယ် တင်ပိုင်ရှင်အဖြစ် ယုံကြည်ပြီး
သူရဲ့လုပ်ဆောင်ချက်ကို စိတ်ချကိုးစားလိုက်မယ် ဆိုရင် ယခုအပယ်တခါးပိတ်လို့
ကောင်းကင်တခါးဖွင့်လို့နေပါပြီ။ သခင်ဘုရားကို
ယုံကြည်ခြင်းအားဖြင့်မိသားစု တွေနဲ့  တမလွန်မှာပြန်ဆုံနိုင်ပါပြီ ။

''ယေရှုက ငါ့ကိုယုံကြည်သောသူသတည် သေလွန်သော်လည်းရှင်လိမ့်မည်''(၁ယော ၁၀း၂၅)

လူထဲကတကယ့်လူဆိုတာ မိမိကိုယ်မိမိ ရှာဖွေတွေ့ရှိသူဖြစ်ပါ တယ် ။ မိတ်ဆွေ
မိမိကိုယ်မိမိ ရှာဖွေတွေ့ရှိပြီးတမ လွန်အတွက်စိတ်ချပြီလား
ဆိုတာ မေတ္တာနဲ့ခေါ်ဖိတ်ဝေငှလိုက်ပါတယ်။

မိတ်ဆွေအနေနဲ့ ဒီအကြောင်းအရာတွေအပေါ်စိတ်ဝင်စားတယ်ဆိုရင်ဖြင့် ကျနော်တို့ နဲ့
ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်

ထာဝရဘုရားထံတော်မှ ကယ်တင်ခြင်းကောင်းကြီးခံစားရရှိပါစေသော်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )