22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, December 23, 2011

ဝတ်ပြုခြင်း နှင့် ကိုးကွယ်ခြင်း

၂၀၁၁ခု၊ ဒီဇင်ဘာခရစ္စမတ် နေ့ရက်တိုင်အောင် ပို့ဆောင်တော်မူ သောဘုရားသခင်၏ကျေးဇူးတော်
ကြီးလှပေ၏။ ယခု ခရစ်(စ်)မတ်လ ရောက်ပြီဆိုလျှင် ကျွန်ုပ်တို့ခရစ်ယာန် ဘာသာဝင်များရော ၊ခရစ်ယာန် ဘာ
သာဝင်မဟုတ်သူများပါ၊ ရင်ထဲမှာ တစ်မျိုးကြီးခံစားတတ်သည်မှာ အ တူတူပင် ဖြစ်လေသည်။ အဘယ့်
ကြောင့်ဆိုသော် ဒီဇင်ဘာ ခရစ်(စ်) မတ်လ ရောက်ပြီဆိုလျှင် Sweet December ဟု ဆိုပြီး လူငယ်များ
နေရာတကာ ၌ စာတမ်းများရေး သားခြင်း၊ Carol Singing ဟု ဆိုပြီး ခရစ်တော်မွေးနေ့ နှင့်ပက်သက်
သော တေးသီချင်းများကို လှည့် လည်သီဆိုခြင်း၊ Super market  လိုအရောင်းဆိုင်နှင့် ဈေးဆိုင်၊စား
သောက်ဆိုင်၊ Store ဆိုင်များ ၌ ခရစ်(စ်)မတ်အလှတန်ဆာဆင် ခြင်းများ၊ နေရာတကာ ၌တွေ့မြင်ရ
သောကြောင့် ဖြစ်သတည်း။                                                                  ကျွန်ုပ်ခံယူချက်
       တချို့ယုံကြည်သူ ခရစ် ယာန်များက ခရစ်(စ်)မတ်ဆိုသည်
မှာ ကျမ်းစာ၌မရှိ။ ခရစ်တော်၏် မွေးနေ့သည် ဒီဇင်ဘာလ(၂၅)ရက် နေ့မဟုတ်။ ထိုနေ့သည် ရောမလူ
မျိုးများ၊ နတ်ကိုးကွယ်ဘို့ သတ်မှတ် ထားသောနေ့ ဖြစ်သည်။ ထို့ကြောင့် ခရစ်(စ်)မတ်နေ့ကို ကျင်းပစရာမ
လိုဟု ခံယူသူများလည်း ရှိသည်။ တ ချို့ခရစ်ယာန်တို့မှာမူ ခရစ်တော် မွေးနေ့သည် (၂၅) ရက်နေ့ဖြစ်
သောကြောင့် ထိုနေ့မှာ အတိအကျ ကျင်းပရမည်။ ကျန်သော နေ့ရက် များမှာ၊ လုံးဝမကျင်းပသင့်ဟူ၍
တယူသန် ခရစ်ယာန်များလည်း ရှိ သည်။ ထိုဒီဇင်ဘာ(၂၅)ရက်သည် ခရစ်တော်၏မွေးနေ့ဖြစ်သောကြောင့်
အစားအသောက်ဖြင့် ကျင်းပဖို့ လို သည်ဟု ယူဆလျက် နည်းမျိုးစုံဖြင့် ငွေများရှာကြံကြလေသည်။ တချို့က
မွေးနေ့ကျင်းပရေးကော်မတီဖွဲ့လျက် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်၍ တေးဂီတ များဖြင့် ဖျော်ဖြေရင်းငွေရှာကြသည်။
      တချို့က ဈေးရောင်းပြီး ငွေရှာကြ သည်။ ထိုပွဲများ၌ ရောင်းနေသော ပစ္စည်းများကို ဝယ်ဖူးပါသလား။ အ
ပြင်ကထက် နှစ်ဆလောက် ဈေးပိုပြီး တင်ထားသည်ကို တွေ့ကြရပေမည်။ အကြောင်းပြချက်မှာ၊ ခရစ်တော်၏
မွေးနေ့အတွက် ဟူ၍ ဖြစ်ပါသည်။
       ချစ်သောဓမ္မမိတ်ဆွေ၊ မည် သို့မည်ပုံဖြင့် ခရစ်တော်၏မွေးနေ့ကို ကြိုဆိုကျင်းပသည်ဖြစ်စေ၊ မကျင်းပ
သည်နှင့်စာလျှင် သာ၍ကောင်းပါ သည်။ အဘယ့်ကြောင့်ဆိုသော်၊ သာ သနာပလူများအတွက် ခရစ်တော်
အကြောင်း ကြားခွင့်ရသောကြောင့် ဖြစ်ပါသည်။ ယေရှုခရစ်တော်၏ မွေးနေ့အတိအကျကို ကျမ်းစာ၌
ဖော်ပြမထားပါ။ ထို့ကြောင့် ငြင်းခုံ စရာမရှိပါ။ အဘယ့်ကြောင့် ဆို သော်၊ ကျမ်းစာ၌ ဤသို့ဖော်ပြ ထား
ပါသည်။
     မထင်ရှားသောအရာ တို့သည် ငါတို့ဘုရားသခင်ထာ ဝရဘုရား၏အငန်းအတာဖြစ်ကြ
၏။ ဘော်ပြတော်မူသောအရာ တို့သ့သည် ကာလအစဉ်မပြတ်၊်၊ ငါ တို့နှင့် ငါတို့သားသမီးများတို့၏
အငန်းအတာဖြစ်၍ ဤပညတ် တရားစကားအလုံုံးးစုံုံ တို့ကို စောင့် ရှောက်ရမည်အကြောင်းတည်း
(တရား၊ ၂၉း၂၉)
          ကျမ်းစာ၌ ဖော်ပြမထား သောအရာသည် ဘုရားသခင်၏အ ငန်းအတာဖြစ်သောကြောင့်၊ ကျွန်ုပ်
တို့ ဆင်ခြေတက်စရာမလိုပါ။ သို့သော် သေချာသောအ ရာတစ်ခုမှာ ယေရှုခရစ်၏မွေးနေ့
သည် ကျမ်းစာ၌ မရှိသော်လည်း ခရစ်တော်သည် ဧကန်အမှန် ဤ လောကသို့ြွကလာခဲ့သည်မှာ၊ အ
ဘယ်သူမျှ မငြင်းနိုင်ပါ။ သခင်ခရစ်တော် မမွေးမှီ ခုနှစ်သက္ကရာဇ်ကို ဘီစီ (Before Christ) ဟူ၍၄င်း၊ ခရစ်
တော်ပေါ်ထွန်းပြီး ခုနှစ်သက္ကရာဇ် ကို အေဒီဟူ၍၄င်း၊ ခေါ်ကြသည်ကို တွေ့ရ၏။ (AD)ဆိုသည်မှာ Anno
Domini  ဖြစ်ပြီး၊ လာတင်စကားဖြစ် ပါသည်။ အဓိပ္ပါယ်မှာ The Year of Our Lord ငါတို့ သခင်ယေရှု ၏ခုနှစ်
သက္ကရာဇ် တနည်းအားဖြင့် ခရစ် သက္ကရာဇ်ဖြစ်ပါသည်။  ဤသက္ကရာဇ် ကို တစ်ကမ္ဘာလုံးက အသုံးပြုလျက်
ယခုနှစ်ဆိုလျှင် ၂၀၁၁နှစ် ရှိခဲ့ပြီမ ဟုတ်ပါလား။
       သို့ဖြစ်၍ ဒီဇင်ဘာလ(၂၅) ရက်နေ့သည် ခရစ်တော်၏မွေးနေ့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်
စေ အရေးမကြီးပါ။ ကမ္ဘာအရပ်ရပ် က (၂၅)ရက်ကို ခရစ်တော်မွေးနေ့ ဖြစ်သည်ဟု သတ်မှတ်လျက်၊ ကျင်း
ပနေချိန်မှာ ကျွန်ုပ်တို့အမှုတော် ဆောင်များ ပြောင်းလဲပြီးသော ခရစ်  ယာန်အသင်းသားတိုင်းသည် ဤနေ့
ရက်တွင် အခွင့်အရေးယူပြီး ခရစ် တော်၏ကယ်တင်ခြင်းသတင်းကောင်း
ကို ကြေငြာဘို့အကောင်းဆုံး အချိန် အခါဖြစ်သည်ဟု ကျွန်ုပ်ခံယူပါသည်။

      ဝတ်ပြုခြင်း
   ဣသရေလလူတို့သည် စစ် မှန်သော ဘုရားကို ဝတ်ပြုလေ့ရှိကြ သည်။ ယဇ်ပူဇော်ခြင်း၊ အမွှေးအ
ကြိုင်ထွန်းညှိခြင်း၊ ဆယ်ဘို့တစ်ဘို့ ပူဇော်ခြင်းအားဖြင့် ဘုရားသခင်ကို ဝတ်ပြုကြသည်။ ဤသည်မှာ သူတို့
၏ထုံးစံဖြစ်သည်။ နောက်တဖန်၊ ဖာ ရိရှဲ၊ ကျမ်းပြုဆရာတို့၏ထုံးစံတစ်ခုမှာ ဈေးမှပြန်လာသောအခါ ဆေးခြင်း
မရှိဘဲ၊စားလေ့မရှိ။ ထိုမှတပါး ခွက်၊ ဖလား၊ ကြေးဝါပန်းကန်၊ ခုတင်တို့ ဆေးခြင်းမှစ၍၊ အခြားသောထုံး
တမ်း များကို ခံယူ၍ ကျင့်လေ့ရှိ၏။ (မာကု ၇း၎) ထိုဝတ်ပြုခြင်းသည် ရှေးလူဟောင်းတို့မှဆက်ခံသော
နည်းဥပဒေသသာ ဖြစ်လေ၏။

     ထိုသို့ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့ သည်၊ ဘုရားသခင်၏ နှုတ်ကပတ် တော်ကို ကျင့်စောင့်မည့်အစား၊
ရှေးလူဟောင်းတို့ထံမှ အဆက် ဆက်ခံလာသော ဝတ်နည်းထုံးပုံ စဉ်လာများကိုသာ ဦးထိပ်ထားနေ
သောကြောင့် ယေရှုခရစ်နှင့်တွေ့ ကြသောအခါ ပြစ်တင်ခြင်းကို ခံ ရလေသည်။ အရှင်ယေရှုက ထို
ကျမ်းတတ်၊ ဖာရိရှဲတို့ကို ဟေရှာယ မိန့်မှာခဲ့သော ကျမ်းစာအားဖြင့် မိန့် ဆိုသည်မှာ ဤလူမျိုးသည် နှုတ်ခမ်း
နှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူ ကား ငါနှင့် ဝေးလှ၏။ လူတို့စီရင် သောပညတ်တို့ကို သွန်သင်၍ နည်း
ဥပဒေသပေးလျှက်ပင်၊ငါ့ကို အချည်း နှီးကိုးကွယ်ကြ၏ဟု နောက်ဖြစ်လတ္တံသောအရာကို လျှောက်ပတ်စွာ
ဟော ခဲ့ပြီ (မာကု၊ ၇း၆-၇)
        ချစ်သောဓမ္မမိတ်ဆွေများ၊ ယခုနှစ် ခရစ္စမတ်ကို မည်သို့ဧည့်ခံ ကြိုဆိုမည်နည်း။ ခါတိုင်းနှစ်ကဲ့သို့၊
အစားအသောက်အကျွေးအမွေးအ တွက် ငွေကုန်ကြေးကျခံပြီး၊ ထုံးစံအ တိုင်းသာ ဆက်လုပ်မည်လော။ ဝတ်
ကျေတန်းကျေသဘောသာ လုပ်မည် လော။ ဘုရားကျောင်းကို အလှဆင် ခြင်း၊ အစားအသောက် ကျွေးမွေး
ခြင်း၊ အဝတ်အစား၊ အသစ်အဆန်း ဝယ်ဝတ်ခြင်း၊ လက်ဆောင်များ ဖလှယ်ခြင်းဖြင့်သာ ဝတ်တရားအ
တိုင်း ပြုလျက် မိမိတို့ ကျေနပ်ခြင်း ကို ရှာဦးမည်လော။
         ချစ်သောမိတ်ဆွေ၊ အထက် ပါအတိုင်းသာ ဒီနှစ်ခရစ္စမတ်(စ်)ကို ကျင်းပဦးမည်ဆိုလျှင် မွေးနေ့ရှင်
ဖြစ်သောအ ရှင်ယေရှု၏ ဝမ်းနည်း စရာ ဖြစ်ပေမည်။
       ဤလူမျိုးသည် နှုတ် ခမ်းနှင့်ငါ့ကို ရိုေုသေကြ၏။ စိတိတ် နှလုံးမူကား၊ ငါနှင့် ဝေးလှ၏။ (ဟေရှာ၊ ၂၉း၁၃)

         ကိုးကွယ်ခြင်း
       အရှေ့ပြည်မှလာသောပညာ ရှိတို့သည် ထိုကြယ်ကို မြင်ပြန်သော အခါ၊ အလွန်ဝမ်းမြောက်ဝမ်းသာ
ခြင်းရှိ၍ အိမ်သို့ဝင်လေသော်၊ မယ် တော်မာရိနှင့်တကွ သူငယ်တော်ကို တွေ့မြင်လျှင် ပြပ်ဝပ်ကိုးကွယ်၍၊ မိမိ
တို့ဘဏ္ဏာဥစ္စာတို့ကို ဖွင့်ပြီးမှ လော ဗန်နှင့်မုရန်တည်းဟူသော နံသာမျိုး ကို၎င်း၊ ရွှေကို၎င်း ဆက်ကပ်ပူဇော်
ကြ၏။ (မဿဲ၊ ၂း၁၀-၁၁)
        ချစ်သောဓမ္မမိတ်ဆွေ၊ စစ် မှန်သောကိုးကွယ်ခြင်းသည် ဝိညာဉ် မပါဘဲ၊ ကိုးကွယ်၍ မရပါ။ အရှေ့
ပြည်က ပညာရှိတို့သည် ပေါ်ထွန်း မည့် ယုဒရှင်ဘုရင်ကို ရှာရခြင်းမှာ စိတ်ဝိညာဉ်ထဲမှ ငြိတွယ်လာသော
ဘုရားသခင်နှင့် ဆက်ဆံခြင်း သက် သေကြောင့် ဖြစ်သည်။ ထို့ကြောင့် ငွေကုန်ကြေးကျခံခြင်း၊ လူပင်ပန်း
ခံခြင်း၊ အချိန်ကုန်ခံခြင်းများကို ဂရု မစိုက်ဘဲ၊ မရမက မတွေ့တွေ့အောင် သူငယ်တော်ယေရှုကို ရှာဖွေရခြင်း
ဖြစ်လေသည်။ ထိုပညာရှိတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာ ရှိကြ သည်သာမက၊ သူငယ်တော်ယေရှု
ကို ပြပ်ဝပ်၍ ကိုးကွယ်ကြောင်း တွေ့ ရ၏။သူတို့ရင်ထဲမှ အန်ထွက်လာ သော မေတ္တာမှ ဘဏ္ဏာများကို ဖွင့်၍
လက်ဆောင်များကို ပေးကြကြောင်း  တွေ့ရလေ၏။
       ချစ်သောမိတ်ဆွေ၊ သင် သည်လည်း (ဃ့မင်အာေ်) မွေးနေ့ တော်ကို ကျင်းပမည်ဆိုပါက၊ သင်
ကိုယ်တိုင်အရှင်ယေရှုခရစ်ကို စိတ် ဝိညာဉ်ထဲမှာ၊ တွေ့ထိခံစားသောသူ ဖြစ်ရပါမည်။ အရှင်ယေရှုနှင့် ထိ
တွေ့ပြီး ဝမ်းမြောက်ဝမ်းသာပီတိဖြာ လျက် နှလုံးသားမှ ထွက်လာသော မေတ္တာစေတနာဖြင့် အရှင်သခင်ကို
ပြပ်ဝပ်ကိုးကွယ်၍၊ လက်ဆောင် ပဏ္ဏာများကို ဆက်သသောသူဖြစ်ရ ပါမည်။
     ထိုသို့မဟုတ်ပါက၊ ကျွနု်ပ် တို့ကိုးကွယ်ခြင်းသည် ဝတ်ကျေတန်း ကျေဖြစ်လျက် အချည်းနှီး၊ ကိုးကွယ်
ခြင်းဖြစ်ပါလိမ့်မည်။
       ငါ့ကို အချည်းနှီးကိုး ကွယ်ကြ၏။ (မာကု၊ ၇း၇)

     နိဂုံးချုပ်အနေဖြင့် သိုးထိန်း တို့သည် သူငယ်တော်ယေရှုနှင့် ဖူး တွေ့ပြီးသောအခါ၊ လက်ဆောင်
ပဏ္ဏာပေးသည်ကို ကျမ်းစာ၌ မတွေ့ ရပါ။ အဘယ့်ကြောင့်ဆိုသော်၊ ထို ခေတ်ထိုအချိန်အခါ၌ သိုးကျောင်း
သားတို့သည် ဆင်းရဲသားလူတန်း စားများဖြစ်လေသည်။ သိုးထိန်းတို့ သည် ဆင်းရဲသောကြောင့် ဘဏ္ဏာ
ဥစ္စာများ မပေးနိုင်သော်လည်း၊ သူ ငယ်တော် ယေရှုကို တွေ့မြင်ပြီးမှ မိ မိတို့ ကြားသော ထိုသူငယ်တော်၏
အကြောင်းစကားကို အနှံအပြားပြော ကြ၏။ (လုကာ၊ ၂း၁၅-၁၇)

       ထို့ကြောင့်ယခုနှစ် ခရစ်(စ်) မတ်ကာလမှာ အရှင်ယေရှုကို ဖူး မြင် ပြီးသူများသည် အရှင်ယေရှုကို နာမ်
ဝိညာဉ်ဖြင့် ကိုးကွယ်လျက် စိတ်ဝိ ညာဉ်ထဲမှဖိတ်စင်လာသော မေတ္တာ စေတနာဖြင့် ဘုရားသခင်၏နိုင်ငံ
တော်ကျယ်ပြန့်ဘို့၊ အစွမ်းသတ္တိ ရှိ သည့်အတိုင်း ပါဝင်ကြပါစို့။ သိုးထိန်းများကဲ့သို့၊ ဆင်းရဲ
သောသူများသည်လည်း ရောက်ရာ အရပ်မှာ ခရစ်တော်၏ကယ်တင် ခြင်းသတင်းကောင်းကို ဝေငှကြပါစို့။
နာမတော်မြတ်၌
ညီအစ်ကို ဇေန
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )