22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 1, 2012

ညီဖြစ်သူနှင့် တွဲကစားရန် ဆန္ဒရှိကြောင်း ဟာဇက်ဝန်ခံ

ညီဖြစ်သူနှင့် အတူတွဲ ကစားခွင့်ကို မျှော်လင့်နေမိကြောင်း ချယ်လ်ဆီးရောက် အီဒင်ဟာဇက်က ဖွင့်ဟ ပြောကြားလိုက်သည်။


ဘယ်လ်ဂျီယံ လက်ရွေးစင် ဟာဇက်သည် ပြင်သစ် ပထမတန်း ကလပ် လိုင်လီမှ လည်းကောင်း၊ ညီဖြစ်သူ သော်ဂန် ဟာဇက်မှာ ပြင်သစ် ဒုတိယတန်း ကလပ် လန်းစ်မှ လည်းကောင်း စတမ်းဖို့ဒ် ဘရစ်ဂ်ျသို့ အသီးသီး ရောက်ရှိ လာခဲ့သည်။ အသက်(၂၁)နှစ်ရှိ ဟာဇက်သည် ပေါင်စတာလင် (၃၂)သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် ချယ်လ်ဆီးတွင် ပွဲထွက်နေရာ ရဖွယ် ရှိနေသော်လည်း အသက်(၁၈)နှစ် အရွယ် သော်ဂန်မှာမူ ချယ်လ်ဆီး လူငယ် အသင်းတွင် ဦးစွာ ပညာယူ ကစားရမည် ဖြစ်သည်။ ဟာဇက်က မိမိသည် သော်ဂန်နှင့် အတူတွဲ မကစားဖူးသဖြင့် ယင်းအခွင့်အရေးကို မျှော်လင့် နေမိကြောင်း ဝန်ခံသွားသည်။
ညီဖြစ်သူ သော်ဂန်ဟာဇက်

ဟာဇက်က "ကျွန်တော်နဲ့ သော်ဂန်က တူဘီဇီ အသင်းမှာတုန်းက တူတူပါပဲ။ ခက်တာက ကျွန်တော်တို့ နှစ်ယောက် တွဲပြီး အသင်း တစ်သင်းမှာ တစ်ခါမှ တူတူ ကစားခွင့် မရခဲ့တာပါ" ဟု ဆိုသည်။ "ခုချိန်မှာ ကျွန်တော့်ညီနဲ့ တွဲပြီး လက်ရွေးစင် အသင်းမှာရော၊ ချယ်လ်ဆီးမှာပါ ကစားချင်ပါတယ်" ဟုလည်း ဟာဇက်က ဆိုသည်။ ၎င်းက "သော်ဂန်က ကျွန်တော်နဲ့ ကစားပုံ မတူဘူး။ သူက ကျွန်တော့်လောက် အလိမ်အခေါက် မကစားဘူး။ သော်ဂန်က ပွဲကို အပေးအယူ အချိတ် အဆက်နဲ့ ပုံဖော်တတ်ပါတယ်။ သူဟာ တောင်ပံမှာ အံဝင်အောင် ကစား နိုင်ရင်တောင် အကောင်းဆုံး နေရာက ဗဟို ကွင်းလယ် နေရာပါပဲ" ဟုလည်း ဆက်လက် ပြောဆိုသွားသည်။
ကျွန်တော်နဲ့ သော်ဂန်က တူဘီဇီ အသင်းမှာတုန်းက တူတူပါပဲ။ ခက်တာက ကျွန်တော်တို့ နှစ်ယောက် တွဲပြီး အသင်း တစ်သင်းမှာ တစ်ခါမှ တူတူ ကစားခွင့် မရခဲ့တာပါ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )