နယူးကာဆယ်လ် ယူနိုက်တက် အသင်းသည် တွမ်တီး အသင်းမှ ခံစစ်မှူး ဒေါက်ဂလက်စ် တက်ဇီရာကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။
ဘရာဇီးလ် နောက်တန်း ကစားသမားသည် လက်ရှိတွင် အသင်းနှင့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိနေတော့သည်။ ထိုအနေအထားကြောင့် နယူးကာဆယ်လ်က တက်ဇီရာကို ပေါင်စတာလင် (၄)သန်း ဝန်းကျင်မျှ သက်သာသော ဈေးနှုန်း တစ်ရပ်ဖြင့် ခေါ်ယူနိုင်ရန် မျှော်လင့်နေသည်။ The Sun သတင်းစာက နယူးကာဆယ်လ်သည် တက်ဇီရာကို စာချုပ် ဖြစ်ပါက တစ်ပတ်လျှင် ပေါင်စတာလင် (၄၀၀၀၀) ဝန်းကျင်မျှဖြင့် ကမ်းလှမ်းမည်ဟု ဖော်ပြသွားသည်။ နယူးကာဆယ်လ် မန်နေဂျာ အလန်ပါဂျူးသည် အသက်(၂၄)နှစ်ရှိ ကစားသမားအား နှစ်သက် သဘောကျလျှက် ရှိသည်။
တွမ်တီး အသင်းမှ ခံစစ်မှူး ဒေါက်ဂလက်စ် တက်ဇီရာ
နယူးကာဆယ်လ်သည် ယခုနွေရာသီတွင် အသင်း၏ ခံစစ်ကြောင်းကို အားဖြည့်ရန် စီစဉ်နေရာ လိုင်လီအသင်းမှ ပြင်သစ် လက်ရွေးစင် ညာနောက်ခံလူ မက်သရူး ဒီဘူချီကိုလည်း ချိတ်ဆက်နေသည်။ ဒီဘူချီ ကိုယ်တိုင်က ၎င်း၏ ပြင်သစ် လက်ရွေးစင် အသင်းဖော်များဖြစ်သော ယိုဟန် ကာဘာယီ၊ ဟေတမ်ဘန်အာဖာတို့ ရှိနေသည့် နယူးကာဆယ်လ်သို့ ပြောင်းရွှေ့လိုကြောင်း ဖွင့်ဟထားသည်။ နယူးကာဆယ်လ်၏ အခြားပစ်မှတ် တစ်ခုဖြစ်သော လီဗာပူးလ် တိုက်စစ်မှူး အန်ဒီကာရိုးလ်ကိုမူ ဝက်စ်ဟမ်း ယူနိုက်တက်က ပေါင်စတာလင် (၂)သန်းဖြင့် တစ်ရာသီ အငှားခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။
တက်ဇီရာကို စာချုပ် ဖြစ်ပါက တစ်ပတ်လျှင် ပေါင်စတာလင် (၄၀၀၀၀) ဝန်းကျင်မျှဖြင့် ကမ်းလှမ်းမည်...
11:37 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com